၂၀၁၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ကော်လိုရာဒို စပရင်းစ်ဒေသရှိ ဒေသဆိုင်ရာအမှုတော်လုပ်ငန်းများသည် မြို့တော်အတွက် ဝန်ဆောင်မှုပေးရန် ပူးပေါင်းခဲ့ကြပြီး ‘COSILoveYou’ အဖွဲ့ပေါ်ပေါက်လာခဲ့သည်။ ထိုအဖွဲ့သည် ဆောင်းဦးရာသီရောက်တိုင်း ‘CityServe’ ဟူသည့် မြို့ပြအစေခံလှုပ်ရှားမှုတွင် ရပ်ရွာကိုအစေခံရန် ယုံကြည်သူများအား စေလွှတ်ခဲ့သည်။
လွန်ခဲ့သောနှစ်များစွာက ‘CityServe’ လှုပ်ရှားမှု၌ မြို့လယ်ရှိ မူလတန်းကျောင်းတွင် ဝန်ဆောင်မှုပေးရန် ကျွန်တော်နှင့် ကျွန်တော့်ကလေးများ တာဝန်ကျသည်။ ကျွန်တော်တို့ သန့်ရှင်းရေးလုပ်ခဲ့သည်။ ပေါင်းပင်များ နုတ်ခဲ့သည်။ ခြံစည်းရိုး သံဇကာ၌ ရောင်စုံပလပ်စတစ်တိတ်များကပ်ပြီး တောင်တန်းပုံဖန်တီးသည့် လက်မှုစီမံကိန်းလည်း လုပ်ခဲ့သည်။ ရိုးရှင်းသော်လည်း အံ့သြဖွယ်လှပါသည်။
ကျောင်းရှေ့ ကားဖြတ်မောင်းသွားတိုင်း ကျွန်တော်တို့၏ သာမညအနုပညာလက်ရာက ကျွန်တော့်အား ယေရမိအနာဂတ္တိကျမ်း ၂၉ ကို အမှတ်ရစေသည်။ ထိုကျမ်းချက်တွင် ဘုရားသခင်က သူ၏လူများအား သူတို့ရောက်ရှိနေသောမြို့၌ အခြေချပြီး အလုပ်အကျွေးပြုရန် ညွှန်ကြားခဲ့သည်။ သူတို့သည် ကျွန်ပြုဖမ်းဆီးခေါ်ဆောင်ခံရပြီး ထိုနေရာတွင်…
တစ်ခါတစ်ရံ ဝိညာဉ်ရေးရာနှင့်သက်ဆိုင်သော အံ့အားသင့်စရာ သတင်းစကားများကို မထင်မှတ်သည့်နေရာများတွင် တွေ့ရတတ်သည်။ ဥပမာ ကာတွန်းစာအုပ်တွင် ဆိုပါစို့။ မာဗဲလ် (Marvel) ကာတွန်းစာအုပ် ထုတ်ဝေသူ Stan Lee (စတဲန်လီ)သည် ၂၀၁၈ တွင် သေဆုံးသွားပြီး၊ အမွှမ်းတင်ခံရသော သူရဲကောင်းဇာတ်ကောင်များဖြစ်သည့် ပင့်ကူလူသား (Spider Man)၊ သံမဏိလူသား (Iron Man)၊ အံ့ဖွယ် လူလေးယောက် (Fantastic Four)၊ လူထွားကြီး (The Hulk)နှင့် များစွာသောအခြားဇာတ်ကောင်များကို အမွေအဖြစ် သူချန်ရစ်ခဲ့သည်။
နေကာမျက်မှန်နှင့် ထင်ရှားသော အပြုံးပိုင်ရှင်သည် လစဉ်ထုတ် မာဗဲလ်ကာတွန်းတွင် ဆွဲဆောင်မှုရှိသော ကိုယ်ပိုင်စာစုဖြစ်သည့် “Excelsior!” စာလုံးဖြင့် ဆယ်စုနှစ်ပေါင်းများစွာ လက်မှတ်ရေးထိုးလေ့ရှိသည်။ ၂၀၁၀ ခုနှစ်တွင် စတဲန်လီက (“ပို၍မြင့်မြတ်သော”ဟု အဓိပ္ပာယ်ရသော) ထိုစာလုံး၏အဓိပ္ပာယ်ကို ““အထက် (သို့) အရှေ့ရှိ ကြီးမားသည့်ဂုဏ်ဆောင်မှု”ဟူ၍ တွစ်တာ (Twitter)ပေါ်…
သမီးက လေ့ကျင့်ရေးအပြီး ကားပေါ်သို့တက်စဥ် “ဖေဖေ၊ သမီးရဲ့သူငယ်ချင်းနဲ့ ညအိပ်လို့ရမလား”ဟု မေးလိုက်သည်။ “အဖြေက ဘာဆိုတာ သမီး သိပါတယ်။ အဖေက ယာဥ်မောင်းပဲ။ ဘာတွေဖြစ်နေလဲကို အဖေမသိဘူး။ မေမေနဲ့ စကားပြောရအောင်လေ”ဟု ကျွန်တော် ပြန်ပြောလိုက်သည်။
“အဖေက ယာဥ်မောင်းပဲ” ဆိုသည်က ကျွန်တော်တို့၏အိမ်၌ ဟာသတစ်ခုဖြစ်လာသည်။ နေ့စဥ်၊ ကျွန်တော် ဘယ်မှာရှိရမယ်၊ ဘယ်အချိန်၊ ဘယ်သူ့ကို ဘယ်ကိုပို့ရမလဲဆိုတာ စီစဉ်သူ ကျွန်တော့်မိန်းမကို ကျွန်တော်မေးရသည်။ ဆယ်ကျော်သက် သုံးယောက်နှင့်အတူ၊ “တက္ကစီဒရိုင်ဘာ”အဖြစ် ကျွန်ုပ်၏“အပိုအလုပ်”ကို တစ်ခါတစ်ရံ ဒုတိယအလုပ်ပမာ ခံစားရသည်။ မကြာခဏဆိုသလို၊ မိမိ ဘာကိုမသိလဲဆိုတာကို ကျွန်တော်မသိပါ။ ထို့ကြောင့် နေ့စဥ်အချိန်ဇယားဆွဲသည့်ဆရာမကို မေးမြန်းရသည်။
ရှင်မဿဲခရစ်ဝင် ၈ ၌ ယေရှုသည် အမိန့်ပေးခြင်းနှင့် အမိန်နာခံခြင်းကို နားလည်သူတစ်ဦးနှင့် ကြုံတွေ့ခဲ့သည်။ ရောမတပ်မှူးတစ်ဦး သည် သူ့လက်အောက်ငယ်သားတို့အား အမိန့်ပေးပိုင်ခွင့်ရှိသကဲ့သို့ သခင်ယေရှုတွင်…
ရှပ်အင်္ကျီကို အဝတ်ခြောက်ခံစက်ထဲ၌ မွှေနောက်ရှာဖွေရင်း “လာနောက်နေတာလား” ဟု ကျွန်ုပ်အော်ငေါက်မိသည်။ အင်္ကျီကိုတွေ့ရှိခဲ့သော်လည်း ပြဿနာတက်ပြီ။ကျွန်ုပ်၏ရှပ်အင်္ကျီအဖြူ၌ မှင်စွန်းထင်နေသည်။ စင်စစ် ကျားသစ်ကွက်ကဲ့သို့ မှင်ကွက်များက အင်္ကျီတစ်ထည်လုံးကို လိမ်းသုတ်ထားသလိုဖြစ်နေသည်။ အင်္ကျီအိတ်ကပ်များကို သေချာစွာ မစစ်ဆေးခဲ့မိ၍ မှင်ယိုနေသည့်ဘောပင်က အင်္ကျီတစ်ထည်လုံးကို စွန်းထင်းသွားစေခြင်းဖြစ်သည်။
အပြစ်ကို ဖော်ပြရန်အတွက် ‘အစွန်းအထင်း’ ဟူသည့်စကားလုံးကို သမ္မာ ကျမ်းစာ၌ မကြာခဏ အသုံးပြုထားသည်။ အစွန်းအထင်းက အဝတ်အထည်ထဲသို့ စိမ့်ဝင်လျှင် ထိုအထည်ကို ပျက်စီးစေသည်။ ထိုအရာမှာ သူတို့၏အပြစ်အစွန်းအထင်းကို မိမိတို့ကိုယ်တိုင် ဆေးကြောသန့်စင်ရန် မတတ်နိုင်ကြောင်း ဘုရားသခင်က ပရောဖက်ယေရမိမှ တစ်ဆင့် သူ၏လူမျိုးတော်အား သတိပေးလျက် အပြစ်ကို ဖော်ပြသည့် ပုံစံဖြစ်သည်။ “သင်သည် ပေါက်ဆပ်ပြာနှင့် ရေချိုး၍၊ ချက်သော ဆပ်ပြာအများကို သုံးသော်လည်း၊ သင်၏အပြစ်သည် ငါ့ရှေ့မှာ ထင်ရှားသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏” (ယေ ၂:၂၂)။
ကျေးဇူးတော်ကြောင့်…
ဖေဖေများထံသို့
သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော် မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကို သာ၍ ပေးတော်မူမည် မဟုတ်လော။ မ ၇:၁၁
ပြဿနာအချို့အတွက် ဖခင်က…
ဖေဖေများထံသို့
သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အလယ်၌ရှိ၍ တန်ခိုးကြီးသောဘုရားသည် သင့်ကိုကယ်တင်တော်မူလိမ့်မည်။ သင်၌အားရ၍ ဝမ်းမြောက်တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ကျိန်းဝပ်၍ သီချင်းဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။ ဇေ ၃: ၁၇
ကျွန်တော်တို့ဇနီးမောင်နှံ ကလေးမရမီက သီချင်းဆိုခြင်းသည် အရေးကြီးကြောင်း မည်သူ…
ဖေ့စ်ဘွတ်ခ် (Facebook) ပေါ်ရှိ “နှစ်သက်ခြင်း”ကိုပြသည့် သေးငယ်သောလက်မထောင်ခြင်းသည် ကျွန်ုပ်တို့နှင့်အမြဲရှိနေသည်ဟု ခံစားရသည်။ သို့သော် ဤထောက်ခံသင်္ကေတသည် ၂၀၀၉ ခုနှစ်မှ ပေါ်လာကြောင်း တွေ့ရှိရသည်။
“လိုက်ခ်”(Like)ကို တီထွင်သူ ဒီဇိုင်နာ ဂျတ်စတင် ရိုစန်စတိန်း (Justin Rosen-stein) က “လူအချင်းချင်း ဖြိုဖျက်ကြမည့်အစား အချင်းချင်း မြှင့်တင်ပေးသည့်ကမ္ဘာ” ကို ကူညီဖန်တီးပေးချင်သည်ဟု ဆိုခဲ့သည်။ သို့သော် သူ၏ တီထွင်မှုက အသုံးပြုသူများ၏ ကျန်းမာရေးကို ထိခိုက်စေသော ဆိုရှယ်မီဒီယာစွဲလမ်းမှုကို ဖြစ်စေခဲ့၍ ရိုစန်စတိန်းက စတင်ညည်းတွားလာတော့သည်။
ရိုစန်စတိန်း၏ဖန်တီးမှုသည် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနှင့် ပေါင်းသင်းဆက်ဆံရေးကို လိုအပ်သည့် ကျွန်ုပ်တို့၏ဗီဇသဘောကို ရည်ညွှန်းနေသည်ဟု ကျွန်ုပ်ထင်မိသည်။ အခြားသူများက ကျွန်တော်တို့ကို သိကြောင်း၊ သတိပြုကြောင်း၊ နှစ်သက်ကြောင်း စသည်ဖြင့် ကျွန်တော်တို့ သိလိုသည်။ “လိုက်ခ်” က အသစ်အဆန်းဖြစ် သည်။ သို့သော် ကျွန်တော်တို့၏ သိလိုသည့်၊ မိမိကိုလူတို့သိစေလိုသည့်…
လွန်ခဲ့သည့်ဆယ်စုနှစ်များက လူတိုင်း ကိုယ်ရည်ကိုယ်သွေးစစ်ဆေးမှုအကြောင်း ပြောနေကြသည့် ကောလိပ်ကျောင်း၏ အပျော်ခရီးသို့ ကျွန်တော်သွားခဲ့သည်။ “ကျွန်တော်က ISTJ တစ်ယောက်ပါ” တစ်ဦးက ပြောသည်။ “ကျွန်တော်က ENFP တစ်ယောက်ပါ” ဟု အခြားတစ်ဦးက ထပ်ပြောသည်။ ကျွန်တော် အံ့သြမင်သက်သွားပြီး၊ “ကျွန်တော်က ABCXYZ ပါ” ဟု အရွှန်းဖောက်လိုက်သည်။
ထိုအချိန်မှစ၍၊ ဤကိုယ်ရည်ကိုယ်သွေးအကဲဖြတ်မှု Myers-Briggs(မိုင်ရာ ဘရစ်) နှင့် DiSC စသော အကြောင်းအရာများစွာကို သင်ယူခဲ့သည်။ ကျွန်ုပ်တို့၏ နှစ်သက်မှုများ၊ အားသာချက်များနှင့် အားနည်းချက်များကို မီးမောင်းထိုးပြခြင်းဖြင့် မိမိကိုယ်နှင့် အခြားသူများကို ရှင်းရှင်း နားလည်စေရန် အထောက်အကူဖြစ်သောကြောင့် ၎င်းတို့ကို စိတ်ဝင်းစားစရာကောင်းသည်ဟု ကျွန်ုပ်မြင်ပါသည်။ ၎င်းအကဲဖြတ်မှုကို ကျွန်ုပ်တို့ အလွန်အကျွံအသုံးမပြုပါက၊ ၎င်းတို့သည် ကျွန်ုပ်တို့ ကြီးထွားရန်အတွက် ဘုရားသခင်အသုံးပြုသည့် အသုံးဝင်သော ကိရိယာတစ်ခုဖြစ်နိုင်ပါသည်။
ကိုယ်ရည်ကိုယ်သွေးအကဲဖြတ်မှုများကို ကျမ်းစာက မဖော်ပြထားပါ။ သို့သော် ဘုရားရှင်၏အမြင်၌ လူတစ်ဦးစီ၏ထူးခြားမှုကို ကျမ်းစာက…
“ငါ့ရဲ့ ယုံကြည်ခြင်းဘယ်မှာလဲ။ နက်နဲတဲ့နှလုံးသားအတွင်းမှာ အမှောင်ထုကလွဲလို့ ဘာမှမရှိဘူး ... အကယ်၍ ဘုရားသခင်ရှိခဲ့ရင် ကျွန်ုပ်ကိုခွင့်လွှတ်တော်မူပါ။”
ထိုစကားများကို မည်သူရေးခဲ့သည်ကို သင်သိလျှင် သင်အံ့အားသင့်သွား လိမ့်မည်။ မာသာထရီဇာ ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၊ ကလကတ္တားမြို့ရှိ ဆင်းရဲသားများကို မမောနိုင်မပန်းနိုင်ကူညီပေးခဲ့သူအဖြစ် ထင်ရှားကျော်ကြားခဲ့သော မာသာထရီဇာသည် သူမ၏ယုံကြည်ခြင်းအတွက် အပူတပြင်းတိုက်ပွဲကို ဆယ်စုနှစ်ငါးစုကျော်ကြာ တိတ်တဆိတ် ဆင်နွှဲခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် သူမ ကွယ်လွန်သွားပြီးနောက် သူမ၏ မှတ်တမ်းအပိုင်းများကို ထုတ်ဝေသည့် ‘Come Be My Light’ (ကျွန်ုပ်၏အလင်း လာဖြစ်ပေးပါ) စာအုပ်၌ ထိုရုန်းကန်ခဲ့ရမှု ပေါ်ထွက်လာသည်။
ဘုရားသခင်မရှိဟု သံသယဝင်ခြင်း (သို့) ခံစားရသည့်အခါ ကျွန်ုပ်တို့ဘာလုပ်သနည်း။ ထိုအခိုက်အတန့်သည် အခြားသူများထက် အချို့သောယုံကြည်သူများကိုပို၍ဖိစီးစေမည်။ သို့သော် သခင်ယေရှုအပေါ် သစ္စာတည်သောယုံကြည်သူများစွာသည် သူတို့၏ဘဝတစ်ချိန်ချိန်တွင် ထိုသို့သော သံသယစိတ်ဖြစ်ပေါ်သည့် အခိုက်အတန့် (သို့) အချိန်ကာလများကို တွေ့ကြုံခံစားရပေမည်။
ယုံကြည်ခြင်းရှိခြင်းနှင့် ယုံကြည်ခြင်းကင်းမဲ့ခြင်း နှစ်မျိုးလုံးကို…
သူ့ကို ပထမတော့ ကျွန်တော်သတိမထားမိပါ။ ကျွန်တော်တည်းခိုသောဟိုတယ်တွင် နံနက်စာစားရန်အောက်ထပ်သို့ဆင်းလာလျှင် စားသောက်ခန်းထဲတွင် အရာရာတိုင်းသည် သန့်ပြန့်လျက်ရှိပါသည်။ ဘူဖေးပြင်ဆင်ထားသောစားပွဲ၌ အစားအသောက်များအပြည့်ရှိသည်။ ရေခဲသေတ္တာထဲ၌လည်း အစားအသောက်များအပြည့်နှင့် မီးဖိုချောင်ပစ္စည်းများကို သပ်ရပ်စွာ သိမ်းဆည်းထားသည်။ အရာရာတိုင်း စနစ်တကျရှိနေသည်။
ထို့နောက်မှ ကျွန်တော်သူ့ကိုမြင်သည်။ မာန်မာနမရှိဘဲ၊ နှိမ့်ချလျက် လိုအပ်သည်များကို ဖြည့်ပေး၊ သန့်ရှင်းပေးသည်။ သူ့ကို သတိထားမိအောင် လုပ်နေခြင်းလည်း မဟုတ်ပါ။ သူ့ကို အချိန်ကြာကြာ စောင့်ကြည့်မိလေ ကျွန်တော်ပို၍အံ့သြမိသည်။ သူက သွက်လက်စွာ အလုပ်လုပ်သည်။ မျက်စိလျင်ပြီး အခြားသူများ လိုမှမဟုတ်ဘဲ လျော့သွားသောအစားအစာကို လျှင်မြန်စွာပြန်လည် ဖြည့်တင်းပေးသည်။ ကျွန်တော်ကိုယ်၌က အစားအသောက်ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည့်အတွက် သူ၏အာရုံ မလစ်ဟင်းစေဘဲ အသေးစိတ် စေ့စပ်သေချာစွာ လုပ်ဆောင်ခြင်းကို သတိထားမိသည်။ သူ့ကို လူအနည်းငယ်သာ သတိပြုချင်ပြုမိမည်ဖြစ်သော်လည်း သူသည် သစ္စာရှိရှိ လုပ်ကိုင်နေခြင်းကြောင့် အရာရာ ကောင်းမွန်ပြည့်စုံနေသည်။
ထိုသူ၏ စေ့စေ့စပ်စပ် အလုပ်လုပ်တတ်မှုကိုကြည့်ပြီး…